ဤကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒသည် မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကျွန်ုပ်တို့က အွန်လိုင်းတွင် မည်ကဲ့သို့ သိမ်းဆည်းအသုံးပြုသည်ကို သိရှိလိုသူများအတွက် စိတ်ရှင်းလင်းစေရန် ရေးသားထားခြင်းဖြစ်ပါသည်။ သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ထောက်ပြနိုင်သည့် အချက်အလက်များကို ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံရေး မူဝါဒကို ဖတ်ရှုခြင်းဖြင့် မည်ကဲ့သို့ ကောက်ယူသည်၊ သိမ်းဆည်းသည်၊ အသုံးချသည်၊ ကာကွယ်သည်နှင့် မိမိ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကျွန်ုပ်တို့နှင့်အတူ မည်ကဲ့သို့ ကိုင်တွယ်ရမည်ဆိုသည်ကို သိရှိလာမည်ဖြစ်ပါသည်။ ဤ အသိပေးချက်ကို ဖတ်ရှုနေစဥ်အတွင်း ဤမူဝါဒသည် ကျွန်ုပ်တို့အဖွဲ့အစည်းမှ ပေးသည့် အစီအစဥ်နှင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ အားလုံးတွင် အကျုံးဝင်သည်ကို သတိပြုစေချင်ပါသည်။
ကျွန်ုပ်တို့သည် ရောက်ရှိလာသူတိုင်း၏ မည်သည့် ကိုယ်ရေးအချက်အလက်ကိုမျှ ကောက်ယူသိမ်းဆည်းခြင်း မပြုပါ။
ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက်များကို မိမိသဘောဆန္ဒအလျောက် ဖောင်ဖြည့်သွင်းခြင်းမှဖြစ်စေ၊ လုပ်ငန်းစဥ်တစ်ခုခုအတွက် ပေးရန်သဘောတူသည့်အခါတွင် ဖြစ်စေ ကောက်ယူပါသည်။ Google Analytics ကဲ့သို့သော ကိရိယာများမှ မည်သူမည်ဝါဖြစ်ကြောင်း မခန့်မှန်းနိုင်သည့် ယေဘုယျအချက်အလက်များကိုသာ ကောက်ယူပါသည်။
အောက်ဖော်ပြပါ ကိစ္စရပ်များမှအပ အခြားသောကိစ္စရပ်များနှင့် အခြားသော မိတ်ဆက်မဟုတ်သည့် ပြင်ပအဖွဲ့အစည်းများကို မျှဝေရန်အတွက် အသုံးမပြုပါ။
ကျွန်ုပ်တို့သည် သတင်းအချက်အလက်များ မျှဝေပေးရန်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ နှင့် အခြားသော ဒီဂျစ်တယ် နိုင်ငံသား ဆိုင်ရာ လုပ်ငန်းစဥ်များ၊ ဆောင်ရွက်ချက်များကို မျှဝေပေးရန်အတွက် အသုံးပြုပါမည်။ (သို့သော် အဆိုပါအချက်အလက်များကို သိရှိလိုပါက သင့်ဘက်မှ အလျင် တောင်းဆိုထားရန် လိုအပ်ပါသည်။) ကျွန်ုပ်တို့၏ လုပ်ငန်းစဥ်များ၊ ပြောင်းလဲမှုများနှင့် အခြားသိသင့်သိထိုက်သည့် သတင်းအချက်အလက်များအတွက် ဆက်သွယ်ရန် လိုအပ်လာသည့်အခါ အသုံးပြုပါမည်။
ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ၊ လုပ်ငန်းစဥ်များ၊ အစီအစဥ်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုကောင်းမွန်သည့် ရလဒ်များရရှိစေရန် အများပြည်သူ၏ သဘောထားဆန္ဒ၊ စိတ်ဝင်စားမှု၊ လိုအပ်ချက်များကို လေ့လာဆန်းစစ်နိုင်ရန်အတွက် အသုံးပြုပါမည်။
ကျွန်ုပ်တို့သည် သတင်းအချက်အလက်၊ ဆောင်းပါးနှင့် အခြားသော စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ်များကိုသာ မျှဝေသွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ငွေပေးချေရေးစနစ်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို တောင်းခံမည်မဟုတ်ပါ။ ဘေးအန္တရာယ်ပေးနိုင်သည့် ပရိုဂရမ်များကို ပုံမှန်စစ်ဆေးခြင်းနှင့် လုံခြုံစိတ်ချရသည့် လုံခြုံရေးအလွှာတစ်ခုကိုလည်း ထပ်ဆင့် ခံထားပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် အချက်အလက်များကို တောင်းခံသည့်အခါ ကျွန်ုပ်တို့ထံကိုသာ တိုက်ရိုက်ရောက်ရှိလာမည်ဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် ထောက်လှမ်းရန်အတွက် မသုံးပါ။ သင့်အနေဖြင့် အဆိုပါ စနစ်များ အသုံးပြုနေ၊ မနေကို အသိပေးရန် ဖွင့်ထားနိုင်သကဲ့သို့ လုံးဝ ပိတ်ထားရန်လည်း သင် အသုံးပြုသည့် စက်ပစ္စည်းကို ခိုင်းစေထားနိုင်သည်။ အဆိုပါ ခိုင်းစေခြင်းကို သင် အသုံးပြုသည့် Browser အတွင်းတွင် ဝင်ရောက် လုပ်ကိုင်နိုင်သည်။ အကူအညီလိုအပ်ပါက သင်၏ Browser Help Menu မှတဆင့် ရှာဖွေနိုင်ပါသည်။
ကျွန်ုပ်တို့သည် သင်၏ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်များကို ခွင့်မပြုထားသည့် မည်သည့်ပြင်ပအဖွဲ့အစည်းကိုမျှ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်း ပြုလုပ်မည်မဟုတ်ပါ။
မေလ ၂၅ရက်နေ့ ၂၀၁၈ခုနှစ်တွင် ထုတ်ပြန်သည့် General Data Protection Regulation (GDPR) အရ မြန်မာ ဒီဂျစ်တယ်နိုင်ငံသား (Digital Citizen Myanmar) သည် အဆိုပါ ထုတ်ပြန်ချက်ကို စံထား၍ နေရာအားလုံးတွင် လိုက်နာထားပါသည်။
အကယ်၍ ဤ ကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒနှင့် ပတ်သက်၍ မရှင်းလင်းသည်များ ရှိပါက info.digitalcitizenmm@gmail.com မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။