ဒီဂျစ်တယ်အသိပညာဗဟုသုတကြွယ်ဝပြီး ဒီဂျစ်တယ်နည်းပညာကို ဘေးအန္တရာယ်ကင်းကင်း၊ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နှင့် စွမ်းဆောင်ရည် မြင့်မြင့် ကျွမ်းကျင်စွာအသုံးချနိုင်သော မြန်မာပြည်သူပြည်သားများပေါ်ပေါက်လာစေရန်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သည်။
ဒီဂျစ်တယ်နိုင်ငံသားဆိုသည့် စကားလုံးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများကို မြန်မာပြည်သူပြည်သားများအတွက် အွန်လိုင်းပညာပေး ဂိမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ဖြန့်ဝေသွားပါမည်။
အွန်လိုင်းမှတဆင့် လိမ်လည်မှုများ၊ အယောင်ဆောင်မှုများ၊ ခိုးယူမှုများ၊ အလွဲသုံးစားမှုများ၊ သတင်းတုသတင်းမှားများနှင့် အခြားသော ဘေးအန္တရာယ်များအကြောင်း မြန်မာပြည်သူပြည်သားများ ပိုမို အလေးထားသိရှိလာစေရန် ဆောင်ရွက်သွားပါမည်။
နည်းပညာကို အသုံးချ၍ ဒီဂျစ်တယ်နိုင်ငံသားကောင်းတစ်ယောက်၏ ဝိသေသလက္ခဏာ ၉ချက်ကို သိရှိစေရန် ဖြန့်ဝေပေးပြီး အင်တာနက်အသုံးပြုသူ မြန်မာပြည်သူပြည်သားများ၏ လူနေမှုဘဝကို မြင့်မားလာစေရန် ကူညီပေးသွားမည်ဖြစ်ပါသည်။
Center for International Private Enterprise သည် ကျွန်ုပ်တို့ Digital Citizen MM ၏ မှန်လားဂိမ်းတွင် အဓိက ပူးပေါင်းပါဝင် အားဖြည့်ပေးခဲ့သည်။ အဆိုပါဂိမ်းသည် သတင်းအချက်အလက်နည်းပညာ ကျွမ်းကျင်တတ်မြောက်မှု (Media Literacy) နှင့် သတင်းတု၊ သတင်းမှားများ (Mis/Disinformation)ကို ကျွမ်းကျင်စွာ ရှောင်ရှားနိုင်ရုံသာမက အခြားသူများကိုပါ ကာကွယ်တားဆီး လမ်းညွှန်ပြသပေးနိုင်ရန်အတွက် ရည်ရွယ်ဖန်တီးခဲ့သည့် အသိပညာပေး ဂိမ်းတစ်ခုဖြစ်သည်။
Digital Citizen Myanmar မှ ပြုလုပ်ထားသည့် အွန်လိုင်း အသိပညာပေး ဂိမ်းများ ၏ အရည်အသွေးနှင့် ပါဝင်ဆော့ကစားခဲ့သူများ၏ စိတ်ကျေနပ်မှုကို
တိုင်းတာနိုင်ရန် အောက်ပါ စစ်တမ်းကို ဝင်ရောက် ဖြေဆိုသွားစေလိုပါသည်။
အွန်လိုင်း အသိပညာပေး ဂိမ်းများ၏ အရည်အသွေး စစ်တမ်း